သူငယ်ချင်းတစ်ယောက် အကြောင်း...

နိမိတ်ပုံတွေ လှိုင်လှိုင်သုံးပြီး..
သူငယ်ချင်း အကြောင်း ကဗျာရေးဖို့...
သင်္ကေတတွေ များများသုံးပြီး...
သူ့ကောက်ကြောင်းကို ပုံဖော်ဖို့....စကားလုံးတွေ
....
မလုံလောက်ပါဘူး...မလုံလောက်ခဲ့ပါဘူး...

မီးစာကုန် ဆီခမ်း သွားတဲ့ အိပ်မက်တွေမှာ...
သူငယ်ချင်းက ဘဝကို ရေစုန်မျောလို့
ဖအေဆိုတဲ့ သီချင်းကို..
သူငယ်ချင်းက သံကြောင်တီးတယ်...
ကသောမျောပါးနဲ့ ခုမှ ဘဝကိုလိုက်ဖမ်းတယ်...

တွယ်ငြိ မိရာ အသစ်အသစ်မှာ
သူငယ်ချင်းခမျာ လူပေါင်မှားတယ်..
ရင်ခုန်စွာနဲ့ လက်တစုံကို ဖမ်းဆုပ်ခဲ့ပေမယ့်
သံယောဇဉ်က ကာရံမညီပြန်ဘူး..
ထီမထင်လောက်တဲ့ အတွေ့အကြုံမှာ
အကျနာခဲ့ရတာတော့ ..ဘုရားသခင်က မတရားဘူး...

အိမ်အပြန် မျက်ဝန်းတစုံရဲ့...
ရွှန်းလက်လက် အရောင် တောက်ပမှုမှာ...
သူကိုယ်တိုင် မသိနိုင်သေးတဲ့ မျှော်လင့်ခြင်းများ...
ဘဝဟာ ခါးတယ် ဆိုတဲ့ သီချင်းကို
သူငယ်ချင်းဟာ သီဆိုဖို့တဲ့...
ခုချိန်ထိ..သူ့ကိုယ်သူ ရှာဖွေနေတုန်းပဲ................

တေဇာအောင် (၆/၈/၂၀၀၉)

Popular posts from this blog

ပိုမိုညံ့ဖျင်းသော စိတ်ကူးထည်တို့ဖြင့် ဆက်လက်ရှင်သန်နေနိုင်ရန် အားထုတ်မှု (မြင့်သန်း)

အိပ်ဆေး သောက်၍ အိပ်မပျော်နိုင်သော ရောင်စုံညများ

ဝတ္ထုတို မတိုရသည့် အကြောင်း (မြင့်သန်း)