ပစ်မှတ်မရှိဘဲ ပစ်ခွင်းခဲ့သော မြှားများ.....ပစ်မှတ်မဟုတ်ဘဲ လာရောက်စိုက်ဝင်သော မြှားများ...
September 08, 2010
အစိတ်အပိုင်းလေး တစ်ခု
ညဟာ...
ကျွန်တော့်ဆီ တိုးဝင်လာခဲ့သည့်တိုင်
အမှောင်ထုဟာ လျှပ်ပေါ်လော်လီ
ကပိုကရိုနဲ့ လူကို သက်သက် လှည့်စားရက်တယ်...
ကျွန်တော် ထိုင်နေတာက
ကောင်းကင်ကြီးရဲ့ အောက်ဘက်
မိုင်ပေါင်းများစွာ မြင်ကွင်းတဆုံးမှာ
အပြုံးက နူးညံ့မှုကင်းစွာ
မမြင်ရတဲ့ အပိုင်းက ထင်ထင်ရှားရှား
ကိုယ့်အာရုံ ကိုယ်သိသလိုပါပဲ....
ဟီရိသြတပ္ပတရားက
ဒီအရပ်မှာ ဆိတ်သုဉ်းနေတာ ကြာခဲ့ပြီ ထင်ပါရဲ့...
အခန်းကျဉ်းလေးထဲမှာ
အားလုံးဟာ ကျွန်တော်နဲ့ အတူတူ ၀တ်လစ်စလစ်
မေးထူးခေါ်ပြောလောက်တောင် မရနိုင်တော့အောင် ပြန့်ကျဲလို့
ကမ်းကုန်အောင် မိုက်မဲ နေကြတာ.......။ ။
တေဇာအောင်
(3.9.2010)
Subscribe to:
Post Comments (Atom)

In a narrow room, all are as I am, in nude. :P
ReplyDeleteအောက်ဆုံးပိုဒ်က ကြောက်စရား)
ReplyDelete