ကိုယ်က ဘဝကို
ဖြေးဖြေး မောင်းချင်တယ်
နှလုံးသားကို မောင်းလိုက်တိုင်း
အိပ်မက်တွေက အသံ မငြိမ်ဘူး.......
ဒီတော့ ကိုယ် ဘာဆက်လုပ်ရမလဲ ဝေ....
ကိုယ်က နှလုံးသားရဲ့
အလယ် တည့်တည့်မှာ
ဘဝကို ကျောက်ချ နေချင်တဲ့ သူ....
မင်း ယုံကြည်တဲ့ အိပ်မက်ကို မထုဆစ်နိုင်ဘူး.....
ကိုယ်တို့ ချစ်ခြင်းဟာ
အဖျင်းသက်သက် ဆိုရင်
ကိုယ် ဘာဆက်ပြောစရာ လိုသေးလို့လဲ ကွယ်....
အိပ်မက်ဟာ အိပ်မက် အတိုင်းပဲ ပေါ့....
မင်း ရင်ခုန်သံကို တစ်ချက် ကြားတိုင်း
ကိုယ့် အသက်ရှူသံ
ပြတ်ပြတ်ထင်ထင် ကြားတယ်....
ကိုယ် ညာလို့ ရတာတွေက
ကိုယ့် ဦးနှောက်ကို လှည့်စားရုံ သက်သက်ပဲ....
ဘဝကို ထုပ်ပိုး ထားသူရဲ့ အိပ်စက်ခြင်းမှာ...
စိတ်ကူးတွေ များသွားသလား.....
ချစ်ခြင်း သက်သက် အတွက်တော့
ညတာ မရှည်ပါရစေနဲ့...
နှလုံးသားဟာ တာရှည်ခံ မဟုတ်လို့ပါကွယ်....
ချစ်ခြင်းရဲ့ နှလုံးသား
ကိုယ်တို့ရဲ့ အပြုံးများဟာ တဒင်္ဂ မဟုတ်ဘူးကွဲ့...
ဘဝကို ရေးခြယ်ဖို့....
အချစ် ...... လာ...
ကိုယ်တို့ ခုန်ဆင်း လိုက်ကြစို့....
မေတ္တာတရားရဲ့ အနက်ရှိုင်းဆုံးဆီ..........။ ။
တေဇာအောင်
(20.8.2010)
02:15 am
0 comments:
Post a Comment