ကျွန်တော်တို့က
ကဗျာကို သီချင်းတစ်ပုဒ်လို နားထောင်ချင်တယ်...
အစမှာပဲ
ကျွန်တော် အသုံးမကျကြောင်း ပါလာတော့တာပဲ
ခေတ်ကြီးကို အပြစ်တင်တော့
ခေတ်ကြီးက ကျွန်တောိ့ကို ပြန်ဆဲတယ်...
ခေါင်းကို ကုတ်လိုက်တိုင်း
နားမလည်ခြင်းက အထွေးလိုက် ပါလာတော့တာပဲ
အနုပညာ ကိုယ်ခံအား နည်းခြင်းက
ခေတ်ပြိုင်/ ခေတ်ပေါ်ကဗျာနဲ့ ကျွန်တော့်ကို အစိမ်းလိုက် ရှင်ခွဲ ခွဲနေတာ....
ကျွန်တော်မှ LP ကဗျာကို မသိတာ
ကျွန်တော် မသိတာကြီးနဲ့ Performance Art ကို လက်ခုပ်တီးရင်
ကျွန်တော် နားမလည်တာကြီးနဲ့ အတိုက်အခံကို မျက်စိမှိတ်ပြနေရင်
ကျွန်တော့်ကြောင့် သိက္ခာ ကျကုန်တော့မှာပေါ့
(အစကရော...သိက္ခာ ရှိကြရဲ့လား)
အစက စရင်
လိုရင်းကို ရောက်မှာ မဟုတ်တော့ဘူး
ဆင်ပေါ်က လူဆိုတာ
ခွေးရုးကိုက်မှာ မကြောက်ဘူး လို့ ပြောလို့ ကောင်း တာပေါ့....
(ထပ်သုံးရရင်)
ဆင်ပေါ်ဆိုရင်တော့ ကောင်းတာပေါ့...
နွားချေးပုံထဲ မဟုတ်ရင် ပြီးတာပါပဲ
တစ်ခု ရှိတာက
လောကကြီးထဲမှာ
ကိုယ်တစ်ယောက်တည်း မဟုတ်ဘူး ဆိုတာ သတိလေးရရုံလေး ပါပဲ...
ဖိုင်းမင်း စကားနဲ့ ပြောရရင်
အောက်မှာ နေရာလွတ်တွေ အများကြီး ရှိသေးတယ် ဆိုတာ မေ့မထားကြပါနဲ့...။ ။
တေဇာအောင်
(19.8.2010)
12:15 AM (20.8.2010)
0 comments:
Post a Comment