Posts

Showing posts from April, 2010

ပြောရရင် ဘယ်ကိုမှ ရောက်လိမ့်မှာ မဟုတ်ဘူး

မကြာမီ အတာသင်္ကြန် ကျရောက်တော့မည်.။ (သည်ဝါကျ အနည်းငယ် မှားယွင်း နေနိုင်ပါသည်)

သင်္ကြန် အကြောင်းစကား စလိုက်သည်မို့ ခါတော်မှီတခုခု လုပ်တော့မည်ဟု မြင်ကောင်း မြင်ပါလိမ့်မည်.။ ခါတော်မီ...ခါတော်မီ..ခါတော်မီ သီမဝေ့နိုင်ဘူး...အမိုက်တော ရေအလျဉ်မှာ......(ရှုပ်ကုန်ပါပြီ)။

သင်္ကြန် ဆိုသည်မှာ မြန်မာတို့၏ သိမှုဘောင် အတွင်းတွင် တန်းခူးလဟု အများအားဖြင့် လက်ခံထားကြသည်.။ သို့သော် ကာလ ရွေ့လျားလာသောကြောင့် ဖြစ်မည်။ တန်ခူးလနှင့် မတိုက်ဆိုင်တော့ပါ.။ ကဆုန်လသို့ ပြောင်းရွှေ့ ရောက်ရှိသွားပြီ ဖြစ်သည်.။ သင်္ကြန်နှင့် တွဲလျက် ပိတောက်ပန်းရော ဘယ်ဆီ ပုန်းရှောင်နေသည် မသိတော့ပါ။ မိုးဦးကျ နောက်ကျသောကြောင့် ဖြစ်ပါလိမ့်မည်.။
ကျွန်တော်၏ အိမ် မျက်စောင်းထိုးမှ ပိတောက်ပင်ကတော့ သစ်ခက် သစ်ရွက် တရွက် တလေမှ ရှိမနေသေးပါ။ အစ်မလတ် ကတော့ မနက် မနက် ရေလောင်းနေတာ တွေ့ပါသည်.။ ကျွန်တော့် အမြင်အရဆိုလျှင်တော့ ပိတောက်ပင်ကို ရေလောင်းမည့် အစား အိမ်ထောင့်မှ စံပယ်ပင်ကိုသာ ရေလောင်းစေချင်ပါသည်.။ စံပယ်ပန်းသည် မွှေးသောကြောင့် ဖြစ်ပါသည်။ ပိတောက်ပန်း၏ ညှီစို့စို့ အနံ့ကို ကျွန်တော် မွှေးမကြည့်သည်မှာ ကာလအတန်ကြာပြီ ဖြစ်သည်.။ ပိတောက်ပန်း ပွင့်လာခဲ့သည် ရှိစေ ကျွန်တော်…