Posts

Showing posts from May, 2010

အနုပညာ၊ အနုပညာအရ ဖော်ထုတ်ခြင်းနှင့် အနက်ဖော်ခြင်း

Image
ရှေးဦးစွာ၊ အနုပညာရှင်ဟု (ထင်ရာမြင်ရာ အယူအဆဖြင့်) အနက် ပေးထားပုံ တစ်ခုကို စဉ်းစား ကြည့်နိုင်ကြရန် ရှေးဦးစွာ တင်ပြလိုသည်။ အနုပညာ၏ အလုပ်ကိစ္စသည် မိမိ ခံစားရသည်ကို သူတစ်ပါး ထပ်တူ ခံစား ရအောင်လည်း ကြိုးပမ်းခြင်း ဖြစ်သည်။ အနုပညာ၏ အရည်အသွေးဟူသည် ဖမ်းစားနိုင်စွမ်း ရှိခြင်း ဖြစ်၏။ အနုပညာ၏ စရိုက်သည် တုပ တင်စား ပြုလုပ်ခြင်း၊ အလင်္ကာ လက္ခဏာ ပါရှိခြင်း ဖြစ်သည်။ အနုပညာ၏ ပန်းတိုင်က လူ့ဘောင်ဘ၀ အေးချမ်း သာယာဖို့၊ ဖွံ့ဖြိုး တိုးတက်စည်ပင်ဖို့၊ နှစ်သက် ပျော်ရွှင်ဖို့ ဖြစ်သည်။

အနုပညာ ဟူသည် သူ့ဟာသူ ပေါ်ပေါက်လာသော အရာမဟုတ်။ အနုပညာသည် လူသားက သူ့အတွက် သဘာဝကို တု၍ တီထွင် ဖန်တီး၍ ဖြစ်ပေါ်လာရသော အရာဖြစ်၏။ အနုပညာ တစ်ရပ် တီထွင်ရာတွင် အနုပညာနှင့် ပတ်သက်သော ကိစ္စအရာများ ရှိ၏။ ယင်းတို့မှာ-
က။ အနုပညာရှင် (လူပုဂ္ဂိုလ်)
ခ။ အနုပညာရပ် (အနုပညာရပ် ဆိုင်ရာ)
ဂ။ အနုပညာပစ္စည်း (ဆိုင်းဝိုင်း၊ တူရိယာ၊ ဇာတ်ခုံဇာတ်လမ်း)နှင့်
ဃ။ အနုပညာကို ခံစားမည့် သူများ (အနုပညာ ၀ါသနာပါသူများ၊ အများပြည်သူများ) ဖြစ်သည်။ ထိုအချက်များကို စိစစ်ကြည့်ရန် လိုနေသည်။ လိုနေရသည်မှာ အနုပညာ ဟူသည်ကို နကန်းမျှ မသိဘဲလျက်၊ အနုပညာနှင့် တိုက်ရိုက် သက်ဆိုင်သော ရသပညာကို စော်ကားရန် ဦး…

နွေတစ်နေ့လည်၏ လမ်းပေါ်မှ လူများ အကြောင်းကို မှန်ထောင်ကြည့်ချင်သော လူတစ်ယောက် အကြောင်း

Image
(က)
နွေ၏ အရှိန်ပြင်းစွာ ပုလောင်နေသော နေ့တစ်နေ့အတွင်းမှာ အရိပ်ခိုစရာ အေးမြသော နေရာ တနေရာ တွေ့လို တွေ့ငြား ရှာဖွေ ကြည့်ရှုနေမိသော်လည်း ကျွန်တော် ကဲ့သို့သော လူတယောက် အဖို့တော့ အမှန်တကယ် ရှားပါးနေခဲ့ပါသည်.။ ရင့်သော အစိမ်းရောင်ကို အခြေပြုထားသော သစ်ကြီး ဝါးကြီးများ ဤပတ်ဝန်းကျင်တွင် မတွေ့ရသော်လည်း နေရာတစ်နေရာတော့ ရှိကောင်း ရှိပါလိမ့်မည်ဟု မျှော်လင့်မိပါသည်.။အခြေ အနေ မတူခြင်း၏ တဘက်တွက် ရက်စက်စွာ လောင်မြိုက်နေသော အပူဒဏ်ကို လမ်းပေါ်မှ လူများ ကိုယ်စီကိုယ်စီ ကိုယ့်နည်း ကိုယ့်ဟန်ဖြင့် ခုခံ နေကြရသည် ထင်သည်.။ ဤသို့ အတွေးများဖြင့် ကျွန်တော့် စိတ်ကို စေခိုင်းလိုက်ချိန်တွင် ပူလောင်ခြင်း တချို့ လျော့ပါးသွားသည်ဟု ထင်မိသည်.။ ပူလောင်သည် ဟူသော အတွေးများတွင် ထပ်ဆင့်၍ ငါ တယောက်တည်း မဟုတ်ဘူး ဟု ပိုပိုသာသာ တွေးပစ်လိုက်သောကြောင့် ဖြစ်မည် ထင်သည်။ ထို့ကြောင့်သာလျှင် မှန်လုံခန်းထဲမှ စီးကရက်ငွေ့ကို ကျွန်တော် မခံနိုင်ခဲ့ခြင်း ဖြစ်ပါလိမ့်မည်.။

ဖိနပ်စီးလေ့ ရှိသော မြို့ပြယဉ်ကျေးမှု အတွင်းမှ လူများ လူတိုင်းပျော်ရွှင်နေသည်ဟု ကျွန်တော် ယတိပြတ် မယုံကြည်နိုင်သေးပါ.။ နေကာမျက်မှန်တပ်ထားသော လူအချို့၏ လေချွန်သံသ…

သိပြီးကြောင်း ရေးသားထားသော ဟန်လုပ်ထားသော သဝဏ်လွှာ

Image
အရင်နေ့တွေလိုပဲ
ဒီနေ့လည်း တို့တွေ အညာမိကြပြန်ပြီ..

နေ့စဉ်များနေရတဲ့ ငါတို့ ဗာဟီရတွေထဲမှာ
လူပြော သူပြောများတဲ့ ကောလဟာလတွေနဲ့
ငါတို့မှာ အချောင် ခလုတ်တိုက်ခံရ
ထမင်းဝဝ စားဖို့ အရေးတောင် စိတ်မအေးနိုင်သူတွေပါ လို့ ဆိုရင်
ပြောင်ချော်ချော်နဲ့ ရယ်မောခံရဦးမှာလား….။

ကုန်လွန်သွားတဲ့ နေ့ရက်တွေနဲ့ ခုထိကို ယှဉ်ကြည့်
ပြောင်းလဲသွားတယ်လို့ ထင်ရပေမယ့်
ဘယ်မှာများ ငါတို့ မျှော်လင့်နေတဲ့ အနာဂတ်က ရောက်လာလို့လဲ..
ငါတို့မှာ မသိလိုက် မသိဖာသာ ကျော်ဖြတ်လိုက်ရ
ဒီတော့လည်း ပြဿနာလုပ်စရာလို့ မမြင်မိကြတော့ပါဘူး…။

နေ့တဓူဝ မြင်နေ ကြားနေရတာတွေထဲ
အက်ဖ်အမ် ရေဒီယို အစီအစဉ်က အစ
နေ့စဉ်ထုတ် သတင်းစာတွေ အထိ
အားလုံးဟာ စနစ်တကျ
ငါတို့ဟာသကိုတောင် သိမ်းထုတ်ထားတာ ကြာလှပေါ့
အရေးတယူနဲ့ ဘယ်သူတွေ ဘာပြောကြလို့လဲ….။

နေ့စဉ် …
ငါတို့ကို စည်းရုံး သိမ်းသွင်းတဲ့ လူတွေနဲ့…
ရန်တိုက်ပေးနေတဲ့ လူတွေနဲ့…
သွေးထိုးပေးနေတဲ့ လူတွေနဲ့…
အလိုမကျတာကို လမ်းဆုံက အော်ပြောနေတဲ့ လူတွေနဲ့…
အသံကျယ်ဆုံး သတင်းကြေငြာချက်တွေက
ငါတို့ မကြားချင်ဆုံး ဆူညံသံတွေပဲ…။

အမေဇုံတောထဲက ခြင်မျိုးစိတ် မပျက်သုဉ်းရေး အပါအဝင်
ပိုလာဝက်ဝံများ ရှားပါးလာမှု အတွက်
ငါတို့ စမ္ပာနဂိုရ်က နွားမတွေလည်း ပေါင်းကျိုးနေကြတုန…

တိမ်တိုက်လေပွေ စိတ်ဖြင့် စေရာ

Image
`အတိတ်ဆိုသည်မှာ ပြန်လည်ပြောပြနိုင်သော်လည်း မရှိတော့သည့် ရှိနေမှုများသာ ဖြစ်သည်။ ´
မြင့်သန်း၏ `ဆောင်းလကုန်လေ နွေသို့ ရောက်၏´ မှ

ထိုအချိန်ကဟု ပြောရန် အစချီလိုက်စဉ် ခဏမျာပင် အရာအားလုံးသည် ကျွန်တော့် အနားမှာမရှိကြတော့ဘဲ အတိတ်ဆိုသော ကာလတရား စက်ဝန်းအတွင်းသို့ အကြောင်းအကျိုးတရားများသည် ၀င်ရောက် ငုံ့လျှိုးပျောက်ကွယ် သွားကြပြီ ဖြစ်သည်။ ကျွန်တော် မပိုင်ဆိုင်ခဲ့သော အရာများကို ပိုင်ဆိုင်ခဲ့သယောင် ထင်မှတ်မှားနေမှုများအတွက် ၀မ်းနည်း နောင်တများ ဖြစ်ကောင်း ဖြစ်ခဲ့လိမ့်မည် ဖြစ်သော်လည်း မည်သို့မျှ ပူဆွေးနေရန် မသင့်တော်တော့ကြောင်း ကျွန်တော် ကောင်းစွာ သဘောပေါက်တန်သလောက် ပေါက်ခဲ့ပြီ ဖြစ်သည်ဟု ယတိပြတ်ပြောရန် ကျွန်တော် အာမမခံနိုင်သေးပါ။ ကျွန်တော် မည်သည့် အရာကိုမျှ မပိုင်ဆိုင်ခဲ့ကြောင်း တနည်း ပိုင်ဆိုင်ဖို့ မကြိုးစားနိုင်ကြောင်း အနည်းငယ်မျှ သိလိုက်ရပြီ ဖြစ်သည်။ ယခု အချိန်ထိ ကျွန်တော်၏ ဖြစ်ရှိနေခြင်းများသည် ကျွန်တော့် သိမှု အဆောက်အအုံ အတွင်းမှ ဆင်ခြင်ခြင်း နည်းလမ်းတကျ ဖြစ်နေခဲ့သည်ဟု အရပ်တကာသို့ လိုက်လံ ပြောဆိုနေမိသည် အထိ ကျွန်တော် မတုံးသေးကြောင်း ကျွန်တော်၏ ဆင်ခြင်ခြင်းက ကန့်သတ…