Posts

Showing posts from June, 2010

တည်ရှိနေခြင်း အတွင်းမှ ကာလတရားသည် အသေဖြစ်သည်

Image
ကျွန်တော် ဆိုင်ကယ် မောင်းထွက်လာတဲ့ အချိန်မှာ ည ကိုးနာရီ ကျော်စပြုနေပြီ။ တကယ်တော့ ဒီအချိန်မှာ လွတ်လွတ်လပ်လပ် လမ်းလျှောက် ထွက်လာခဲ့ဖို့ သင့်ပေမယ့် ကျွန်တော် သွားရမယ့် နေရာက နီးသလား ဝေးသလား မသေချာလို့ပဲ ဆိုင်ကယ် စီးထွက်လာခဲ့မိတာ။

လမ်းမီးတိုင် မလင်းတချို့ လင်းတချို့နဲ့ မြို့ကလေးရဲ့ မိန်းလမ်းတလျှောက်မှာ လူသွားလူလာ နည်းနည်းကျဲနေတာ တွေ့ရတယ်။ တကယ်တော့ ဒါဟာ မထူးဆန်းဘူးလို့ ပြောလို့ရတယ်။ မီးစက်သံ တချို့က လွဲလို့မြို့်ကလေးဟာ စောစော အိပ်ယာဝင်တတ်တဲ့ အကျင့်စွဲနေခဲ့တာ ဟိုအရင် မင်းရှိစဉ်ကတည်းက မဟုတ်လားလို့ သူပြောတာ သတိရမိလို့ ကျွန်တော့်ဘာသာ အေးအေးဆေးဆေးနဲ့ပဲ ဆိုင်ကယ် စီးနေခဲ့မိတယ်။

အိပ်ဇောသံ ခပ်ပြင်းပြင်းနဲ့ အမြန်စီးလာကြပုံရတဲ့ ဆိုင်ကယ် စီးလာသံ တချို့ ကြားလိုက်ရလို့ ရင်ထိတ်မိသေးတယ်။ ခဏအကြာတင်ပဲ လူငယ်တချို့ ဆူဆူညံညံနဲ့ ကျွန်တော့် ဘေးနားက ဖြတ်ကျော်သွားတဲ့ ဆိုင်ကယ် တအုပ်ကို တွေ့မှ သက်ပြင်းချမိတော့တယ်။

ကျွန်တော် ပြန်မရောက် ဖြစ်ခဲ့တဲ့ နှစ်တွေ အတွင်းမှာ မြို့ကလေးဟာ ဟိုစဉ်ကနေ အခုထိ ကျွန်တော် ရှိစဉ်ကလို အရင်အတိုင်းပဲ။ အုပ်စုလိုက် ဆိုင်ကယ် စီးကြတဲ့ အဖွဲ့တွေနဲ့ တောင်စဉ်ရေမရ အော်ဟစ်ရေရွတ်သံတွေ.။ ဒီချာတိတ်တေ…

လောက၏ တခုသော အခန်းကျဉ်းလေး အတွင်းမှ

Image
ခုချိန်ထိ ကျွန်တော် စဉ်းစားနေတာတွေ အများကြီးပဲ.။ ဒီအခန်းကျဉ်းလေးထဲ စတင် ဝင်ရောက်လာပြီးတယောက်အိပ် ကုတင်လေးပေါ် လဲလျောင်းနေတဲ့ အထိတင် ရေတွက်ရင်တောင် မရေတွက်နိုင်ဘူး ထင်တယ်.။ အများကြီးမှ တကယ့် အများကြီး ။
ကုတင်ဘေးက စာအုပ်စင်လေးပေါ် လှမ်းကြည့်လိုက်တော့လည်း မဖတ်ရသေးတဲ့ စာအုပ်တွေ အများကြီး။ ဒီစာအုပ်တွေ ဝယ်တုန်းကတော့ ကောင်းမယ် ထင်ပြီး ဖတ်သင့်တယ်လို့ ကျွန်တော့်စိတ်က ဆုံးဖြတ်ထားတဲ့ စာအုပ်တွေချည်းပဲ။ ဝယ်လာပြီးလို့ ဒီအခန်းထဲထိ သယ်လာပြီးမှ ဒီစာအုပ် ကောင်းနိုးနိုး ဟိုစာအုပ် ကောင်းနိုးနိုးနဲ့ နည်းနည်းစီ လှန်ကြည့်ပြိး ဒီအတိုင်း စာအုပ်စင်မှာ တင်ထားလိုက်တာ။ အခုထိကို တအုပ်လုံးစီ ပြီးစီးအောင် မဖတ်ရသေးဘူး.။ ကျွန်တော့် စိတ်ကြိုက် စာအုပ်ဆိုင်က ရွေးဝယ်လာတာဆိုတော့ အားလုံးက ကောင်းတာချည်းပဲ ဖြစ်မှာပါလို့ တွေးမိနေရင်းနဲ့ကို ဘယ်စာအုပ်မှ ကောက်မကိုင်ဖြစ်တာ။ ဒီစာအုပ်တွေကို တချိန်ချိန်မှာ တယောက်ယောက်ကိုတော့ ပေးတော့ ပေးပစ်ရမှာပဲ။ သူတို့ကို ထိန်းရ သိမ်းရတာ တော်တော်တော့ အလုပ်ရှုပ်လွန်းလို့ရယ်.။ ဒါ့ကြောင့် တယောက်ယောက်ကို ပေးရမယ်လို့ စဉ်းစားနေဖြစ်တာ.။ ဘယ်သူ့ ပေးရမယ်လို့တော့ စဉ်းစားလို့ မရသေ…

အပျင်းပြေ ရေးတဲ့ စာ

အတွေ့လေးရယ်မှ အိုအကြုံ ပေါ့ခင်ဗျာ.။

ကျွန်တော် တေဇာအောင်ဆိုတဲ့ ငနဲဟာ တော်တော်လာတဲ့ ငနဲ ပါခင်ဗျ.။ဒီရက်ပိုင်း မောင်ဝဏ္ဏရဲ့ ဒုက္ခကို မြိန်ရည် ယှက်ရည် ခံစားနေသော ...နဲ့ ဦးဝင်တင် ဘာသာပြန်တဲ့ ကွိ စာအုပ်ရယ်၊ စစ်ကိုင်း ဦးဘိုးသင်း စာတွေရယ် တောင်တွေး မြောက်တွေးနဲ့ ထိုင်ဖတ်နေဖြစ်ပါတယ်.။

အလုပ်ကလည်း မလုပ်လို့ မဖြစ်တော့ ထမင်း စားဖို့ အတွက်ရယ် ရည်ရွယ်ပြီး မုံရွာက ဈေးထဲမှာ ဆိုင်လေး တစ်ဆိုင် ဖွင့်လိုက်မိပါတယ်.။ (ကြွားတာ မဟုတ်ပါဘူး.။ မဖြစ်စလောက် လေးပါ)။ လိုတာလေးတွေ ဟိုကဆွဲ ဒီကဆွဲနဲ့ ဖြစ်သွားတာပါ.။

ကံတရားဆိုတာ ဘယ်လို ဘယ်ဝါရယ်တော့ မပြောတတ်ဘူး.။ မှန်းကြည့်မယ်ဆို မှန်းကြည့်လို့ ရအောင် ပြောရရင် ဦးဝင်းတင်နဲ့ ဆရာမြသန်းတင့် ပြောကြဖူးတာတော့ ရှိတယ်.။ ဒုတိယ ကမ္ဘာစစ် အတွင်းတုန်းက ပြင်သစ်လူမျိုး သုံ့ပန်းတယောက်က သူ ဂျာမနီတွေရဲ့ လက်ထဲ ရောက်နေတယ် ဆိုတာ သိဖို့ ကျွန်းလေး ပေါ်ကနေ ပုလင်းလေး တလုံးထဲ စာထည့်ပြီး ပင်လယ်ထဲ မျှောလိုက်တာ နောင် 25 နှစ် ကြာတော့ ပြင်သစ်ပြည် တောင်ပိုင်းမှာ သူကိုယ်တိုင် တံငါလုပ်နေရင်း အဲဒီ ပုလင်းလေးကို ပြန်တွေ့ရတယ် တဲ့ ခင်ဗျ.။

အကျိုးတရား တခု ဖြစ်ဖို့ အကြောင်းတရား ပေါင်း မြောက်များစွာ တိုက်ဆိုင်ဖို့ လိုပါ…