Posts

Showing posts from November, 2010

အမြင်ကျဉ်း၊ စံအမှားတို့ဖြင့် ဖန်တီးမှုအနုပညာကို ချဉ်းကပ်ခြင်း(မြင့်သန်း)

ယခင်အပုဒ်မှ အဆက်...
အနုပညာ ဖန်တီးမှုနှင့် ရည်ရွယ်ချက် အပိုင်းသို့ ပြန်သွားပါရစေ။ အနုပညာ အသီးသီးတို့တွင် အသုံးပြုသော ကြား၊ အသုံးခံ ပစ္စည်းတို့နှင့် အတူ

အတတ်ပညာ အခြေခံ ကျွမ်းကျင်မှု များသည်လည်း မတူကြသည် ဖြစ်ရာ ဖန်တီးထားသော အနုပညာ လက်ရာ တစ်ခုက ဖော်ထုတ် ပြထားသော အကြောင်းတစ်စုံ တစ်ရာ(ရည်ရွယ်ရင်း၊ ဦးတည်ချက်)ကို သိရှိရန်မှာလည်း အခြေခံအားဖြင့် မတူညီနိုင်။ ပန်းချီတွင် အလျားအနံတည်း ဟူသော ကန့်သတ်မှု အတွင်းမှ အရောင် အခြေခံ ဖော်ထုတ်မှု ဖြစ်သည်။ ပန်းပုတွင် ထု-ဒြပ်ရှိခြင်းတွင် အခြေခံသော အတိမ်အနက်၊ အနိမ့်အမြင့်သည် အခြေခံ ဖြစ်သည်။ စာပေတွင်သော် သိမှု၏ အတိုင်းအတာတွင် ဘာသာ စကားကို အခြေခံကာ ပြန်လည် ဖော်ထုတ် တင်ပြနိုင်မှု ဖြစ်သည်။ စာပေနှင့် ပတ်သက်သော အကြောင်းများကို အလေးပေး ဆွေးနွေးပါရစေ။ စာပေဟု ကန့်သတ် ခေါ်ဆို ထားခြင်း၏ နယ်နိမိတ် အတွင်း ဘာသာ စကားကို အခြေခံကာ ရေးသား ဖော်ထုတ်ထားခြင်း အမျိုးမျိုး ပါဝင်လေသည်။

ထိုထိုသော အမျိုးမျိုး အတွင်းမှ ကဗျာနှင့် ၀တ္ထု(တို/ရှည်) အရေးအသားတို့မှာ ဖန်တီးမှု အခြေခံ အရေးအသားများ ဖြစ်သည်။ အခြားသော အရေးအသားများ(ဥပမာ ဆောင်းပါး၊ ခရီး သွားဆောင်းပါး၊ အင်တာဗျူး၊ ဖတ်ကောင်းရုံ ရေးသော သမိုင်း ဆန…

အမြင်ကျဉ်း၊ စံအမှားတို့ဖြင့် ဖန်တီးမှု အနုပညာကို ချဉ်းကပ်ခြင်း

''Art and art works are what
they may become''
T.W.Adorno, Aesthetic Theory

ရှေးဦးစွာ ပိုမို ယေဘုယျ ကျသော အနုပညာ အကြောင်းကို ပြန်လည် လေ့လာ ကြည့်နေချင်သည်။ အနုပညာသည် လူ့အဖွဲ့အစည်း အတွင်း သီးခြား အဆောက်အအုံ တစ်ခုအဖြစ် ရပ်တည်နိုင်သည် ဆိုခြင်းမှာ မငြင်းဆိုနိုင်။ အရပ် စကားဖြင့် ဆိုသော်၊ အနုပညာသည် လူ့အဖွဲ့အစည်း အတွင်းမှ အခြား အခြားသော အဆောက်အအုံများနှင့် (အဆက်အသွယ် ပြုလိုသော် သို့မဟုတ် ဆက်စပ်မှု ရှိလိုသော် ရှိနိုင်သော်လည်း) ကင်းကင်း နေလိုသော် နေနိုင်သည့် အဆောက်အအုံ တစ်ခုဖြစ်သည်။ ရှေးက ပေါ်ခဲ့သော“အနုပညာသည် အနုပညာ အတွက်ဖြစ်သည်”ဟူသော အမြင်မှာ အနုပညာ၏ သီးခြား ရပ်တည် နေနိုင်မှုကို အားပေး အားမြှောက်ပြုခဲ့သော အဆိုဖြစ်သည်။

သို့ရာတွင် ထိုအမြင်ကို (မြန်မာနိုင်ငံတွင်သော်) ဆိုရှယ်လစ် ယောင်ယောင်၊ ကွန်မြူနစ် ယောင်ယောင်များက“ပြည်သူ”ဟူသော စကားလုံး၊ စာလုံးကို လိုအပ်သည်ထက် ပို၍ လှိုင်လှိုင်ကြီး သုံးကာ တိုက်ခိုက် ခဲ့ကြသေးသည်။ စင်စစ် အနုပညာသည် အနုပညာ အတွက်ဟု ဆိုကြသည်မှာ အနုပညာရှင်တို့ ဘက်မှ ရပ်တည်ပေးသော၊ အလေးပေးသော အမြင်သာ ဖြစ်၍ အနုပညာကို အကျိုးယုတ် စေသော တန်ဖိုး ချလိုက်သော အမြင် မဟုတ်ပါ။ အရင်းရှင် …