Posts

Showing posts from February, 2011

နွေရာသီအတွက် ပြင်ဆင်ခြင်း

“ဟေမန္တမှာ ဂန္တဝင် ဖတ်သင့်ပါတယ်။ စိတ်ဟာ သမာဓိတည်နေလို့ ဖြစ်ပါတယ်။ နွေဂိမာန်မှာ သမိုင်းဖတ်သင့်ပါတယ်။ တစ်စုံတစ်ယောက်မှာ အချိန်အား ရှိကြလို့ ဖြစ်ပါတယ်။ ဝဿန္တမှာ ဒဿန ဖတ်သင့်ပါတယ်။ ဒဿန အရာတွေမှာ ဆွဲဆောင်တတ်တဲ့ စိတ်ကူး ရှိလို့ ဖြစ်ပါတယ်။ ဆောင်းနှောင်း နွေဦးမှာတော့ စာရေးဆရာကြီးများရဲ့ စာပေါင်းစုများ ဖတ်သင့်ပါတယ်။ သဘာဝအသက် ပြန်ဝင်လာသော ကာလမို့ ဖြစ်ပါတယ်။”
(ကိုတာ-သူငယ်ချင်းများနဲ့ စကားစမြည် ပြောဆိုခြင်း မှ)

ကျုပ် မိတ်ဆွေများ စာဖတ် မပျင်းကြဘူး ထင်တာပါပဲ။ ဒါကြောင့်သာ ကျုပ်ရေးတာလေး ဖတ်ကြတာကိုး။ အပေါ်က ဟာလေး မိတ်ဆွေများ သဘောတူတာ မတူ အပထား။ ညက ကျုပ် အိပ်မပျော်လို့ အဟောင်းတွေ ပြန်လှန်ရင်း နှစ်သက်မိလို့ပါ။ ပြီးတော့ ဒီရက်ပိုင်း ကျုပ် ဖတ်မိတာကလေးတွေလည်း စိတ်ဝင်စားရင် ရှာဖတ်လို့ ရအောင်လို့ပါ။ တခြား ဘာသဘောမှ မပါပါဘူး။(ကိုတာ့ လေ ဖြစ်သွားတယ်ဗျာ)

ရွှေပြည် ဦးဘတင် ဆိုရင် ကြားဖူးတဲ့သူလည်း ရှိ၊ မကြားဖူးတဲ့လူလည်း ရှိမှာပေါ့။ မန္တလေးဘက်ဆီက။ အတိုချုံး ပြောရရင် ကိုဘိုဘိုတို့ အဘွား ငယ်ငယ်က ဆရာကြီးပဲ။(နောက်ဆက်တွဲမှာ လူထုဒေါ်အမာရဲ့ သူ့ဆရာအကြောင်း ဆောင်းပါးတွေ ပါ ပါတယ်)။ အတ္ထုပ္ပတ္တိအကျဉ်းမှာ ပန်းချီ၊ ဒါရိုက်တာ ဦးဝင်းဖေ ရဲ့ အ…

မြန်မာနဲ့ ဗုဒ္ဓဘာသာ အပေါ် ဗိုလ်ချုပ်အောင်ဆန်း အမြင်

မြန်မာနဲ့ ဗုဒ္ဓဘာသာ အပေါ် ဗိုလ်ချုပ်အောင်ဆန်း အမြင်

Burma And Buddhism By Aung San
(ဘာသာပြန်သူ- မောင်ဆန်းကြယ်)

(၁၉၃၅ ခုနှစ်၊ ဧပြီလထုတ်၊ ဂန္တလောက( The World of Books) မဂ္ဂဇင်းမှာ ရေးသားခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဆောင်းပါးတစ်ပုဒ်ပါ။ ဒီဆောင်းပါကို “ဗိုလ်ချုပ်အောင်ဆန်းရဲ့ စာပေလက်ရာ” စာအုပ်ထဲက ထုတ်နှုတ်တင်ပြလိုက်ပါတယ်။ ဗိုလ်ချုပ်ရဲ့ ဆောင်းပါးတွေကို ရှာဖွေတင်ပြသူ ဆရာဦးမြဟန်ကလည်း ဒီဆောင်းပါးဟာ ဗိုလ်ချုပ်ရဲ့ စာပေလက်ရာထဲက ပထမဆုံး ရှာဖွေ စုဆောင်းမိတဲ့ ဆောင်းပါး တစ်ပုဒ်ပါလို့ ပြောထားတယ်။ ကျွန်တော်တို့ နေထိုင်နေတဲ့ နိုင်ငံ လွတ်မြောက်ဖို့ အတွက်ပဲ ဗိုလ်ချုပ်ဟာ စဉ်းစားနေခဲ့တာ မဟုတ်ပါဘူး။ ဘာသာရေးကိုလည်း အလေးထားကြောင်း စာဖတ်သူများ သိရပါ့မယ်။)


မြန်မာလူမျိုးတွေ ဖြတ်သန်းနေကြရတဲ့ မျက်မှောက်ခေတ် စပ်ကူးမတ်ကူး ကာလကြီးထဲမှာ အရေးကြီးဆုံးကတော့ ပြုပြင်ရေး သြဇာ ထင်ထင်ရှားရှား အကျိုးသက်ရောက်မှုတွေ ပါပဲ။ လူငယ်တွေကတော့ အခြေအနေကို အပြည့်အဝ သတိပြုမိကြပြီး မြန်မာပြည်ကြီး ပြန်လည် တည်ဆောက်ရေးမှာ ကျရောက်လာတဲ့ မိမိတို့တာဝန်ကို ထမ်းဆောင်းကြဖို့ လက်မနှေးကြပါဘူး။ သူ့ခေတ် သူ့အခါက အမြတ်တနိုး တလေးတစားထားကြ၊ အလေ့အထ ဖြစ်လာလို့ …

ပန်းတိုင်းကို ပွင့်လန်းစေချင်သူ ဘလော့ဂါကိုကို (သို့မဟုတ်) အွန်လိုင်းမေတ္တာ ခံယူမည့် သူတစ်ယောက် အကြောင်း

ပန်းတိုင်းကို ပွင့်လန်းစေချင်သူ ဘလော့ဂါကိုကို (သို့မဟုတ်) အွန်လိုင်းမေတ္တာ ခံယူမည့် သူတစ်ယောက် အကြောင်း

သူ့ကို မည့်သည့်နေရာတကာ အွန်လိုင်း ဋ္ဌာနေ ပေါင်းစုံမှာမှ မတွေ့ဖူးသေးချေ.။ “ပန်းတိုင်းကို ပွင့်လန်းစေချင်သူ ” ဆိုသော နာမည်က ဆန်းသည်။ ယဉ်သည်။ “ ပန်းပေါင်းတစ်ရာ ပွင့်ပါစေ” ဟူသော စစ်အေး အလွန်ခေတ်က ကြွေးကြော်သံကိုပင် နားထဲ ကြားယောင်မိနေသေးသည်။ ဘလော့တွင် ရေးသားမည့် ပင်တိုင်ကလောင်နာမည်၏ အမည်ကလည်း ရိုးသလိုလိုနဲ့ ဆန်းပေသည်.။ ဘလော့အမည်နှင့် ရေးသားမည့်သူ နာမည်က အလှတွင် အယဉ်ဆင့် ဆိုသလို ပလဲပနံပ သင့်လှသည်။ ဤခေတ်အခြေအနေအရ မည်သည့်လူမျိုးမဆို တော်ရုံတန်ရုံ ဘလော့ဂါလောကသို့ ဝင်ရောက်ရန် နောက်တွန့်နေကြချိန်တွင် သူက သူ၏ ယုံကြည်ချက်အတွက် ရဲရဲဝင့်ဝင့် ခြေလှမ်းတစ်လှမ်းစလိုက်သည်ဟု ဆိုနိုင်ပါပေသည်။ ဘာပဲ ပြောပြော ကျွန်တော်တို့လို အရှိန်ရနေပြီးသား အွန်လိုင်းဆိုရှယ်ဝါကာ (ထိုစကားလုံးအား အခန်းဘေးမှ အမ်ဂျီအိုဝန်ထမ်းတစ်ဦးအား ဘာသာပြန်ပြခိုင်းကြည့်ရာ….သူက ကြုံရာကျပန်း အလုပ်လုပ်သူ ဟု အနက်ဖွင့်ပေးသည်။ မှတ်ကရော) များက ကြိုဆိုလမ်းဖွင့်ပေးကြရပေမည်။ အဟောင်းနှင့်အသစ်၊ တနည်း လူကြီးနှင့် လူငယ်ကြား ပေါင်းကူးပေးရမည့်သူ ဟုလည်း ကိုယ…

ငြိမ်သက်သွားသော နေကြာပန်းများအကြောင်း

ငိမ်သက်သွားသော နေကြာပန်းများအကြောင်း

“နေကြာပန်း၏ ရနံ့၊ ကျေးလက်နေရောင်၏ အဝေး ထွက်ပြေးသူတစ်ယောက်၏ စိတ္တဇ”

ကျွန်တော့်ဘဝ၏ ငယ်ရွယ်စဉ်ကာလများတွင် နေကြာပန်းပင် သို့မဟုတ် နေကြာစေ့များနှင့် တနည်းမဟုတ် တနည်း ပတ်သတ်ခဲ့ရသည်ချည်း ဖြစ်သည်။ လေးဧက ကျယ်သော ယာကွက်ကြီးထဲမှ တမျှော်တခေါ် ဝါဝင်းထိန်လင်းနေသော နေကြာပန်းခင်းကြီးအား ကျွန်တော် ငယ်ငယ်က လေးခွတစ်လက်ဖြင့် အကျဉ်းသားများအား ထောင်ဝါဒါ တစ်ယောက် စောင့်ကျပ်နေသလို စောင့်ကျပ်ခဲ့ရဖူးသည်။ ကျွန်တော်၏ကျောင်းပိတ်ရက်များတွင် ယာခင်း၏အလယ်တည့်တည့်မှ အတန်ငယ် မြင့်မားသော သနပ်ပင်အထက် လင့်စင်ပေါ်တွင် ရုပ်ပြကာတွန်း ဒါမှမဟုတ် မြတ်မင်္ဂလာစာစောင်ကလေးများ ဖတ်ရင်း တနေကုန် ထိုင်နေခဲ့ရသည်များမှာ အမှန်တော့ ပျင်းရိစရာ မကောင်းလွန်းလှပါ။ ယာခင်းထဲသို့ ကျူးကျော်ဝင်ရောက်၍ ကိုက်ဖြတ်စားသုံးတတ်သော နွားများ၏ ရန်မှကာကွယ်ရန် အတွက် နေကြာခင်းကြီးအား ကာကွယ်ပေးနေရသော ကျွန်တော်သည် ထိုစဉ်က တရုတ်သိုင်းကားများထဲမှ အစွမ်းထက် သိုင်းသမား သူရဲကောင်းတစ်ယောက်လို သူရဲကောင်းတစ်ယောက် ဖြစ်နေခဲ့ဖူးသည်။ ခပ်မြင့်မြင့်အရပ်မှ တိုက်ခတ်သောသန့်စင်သည့် လေအား ရှူရှိုက်ရင်း နေကြာပန်းများတွင် ဝတ်ရည်လာစုပ်သော ပျားပိတုန်းမျာ…