Posts

Showing posts from February, 2012

မျှော်လင့်ခြင်း ဆောင်းရာသီ

အိပ်မက်သည်သူ
သူသည် အသက်ဖြစ်စေ
ဆောင်းနှောင်းလျှင် နွေဦး၏။
နွေဦး၌ နှင်းကြွင်းသည်။
နှင်းကြွင်းပြယ်သော်လည်း
သစ္စာကြွင်းစေ။
မြတ်နိုးခြင်း ကြွင်းစေ။

(သျှပ်မှူးကျော်)


တံစက်မြိတ်က ရေတပေါက်ပေါက်သံကြား၍ ပြတင်းပေါက် ထဖွင့်ကြည့်မှ မိုးရွာနေမှန်းသိသည်။ ဆောင်းရာသီက ရုတ်တရက် ကျွန်တော့်ရင်ထဲက ထွက်ခွာပြီလား။ မြောက်ပြန်လေ၏ နောက်ဆုံးလက်ကျန်မို့ထင်၊ ခြေဖျားလက်ဖျားတွေ အေးစက်လာသည်။ ရင်ထဲမှာ ငြိတွယ်ဆဲ ဆောင်းဥတု၏ အအေးဓာတ်ကို အနွေးထည် ခပ်ပါးပါးဖြင့် တွယ်ဖက်ထားသော ကျွန်တော့်အဖြစ်ဟာ ဘာကြောင့်ပါလဲ ဝေခွဲမရနိုင်သေးပါ။ လမ်းမဖက်ဆီမှ သွားလာလှုပ်ရှားနေကြသော လူများအကြောင်းကို ကျွန်တော် မတွေးတောနိုင်တော့ပါ။ လွန်ခဲ့သည့် ညဦးက ဖတ်ခဲ့ရသော စာတစ်စောင်က ကျွန်တော့်အလုံးစုံကို ဖျက်သိမ်းခဲ့လေသလား။ ဆောင်းရာသီနှင့်အတူ ဆုတ်ခွာစပြုပြီဖြစ်သော သူ၏ အေးစက်မှုများက ကျွန်တော့်ကို ပူလောင်စေခဲ့ပါသလား။ လွန်ခဲ့သော နေ့ရက်များကတည်းက တိုက်ခတ်လှုပ်ရှားပွေလီနေသော နွေဦး၏ လေရူးသည် ကျွန်တော့်အား စိတ်နောက်စေခဲ့ပြီ။ ဘာပဲဖြစ်ဖြစ် ဆောင်းရာသီက ကတိတည်ပါသည်။ ပူလောင်လှသော နွေရာသီ၏ နေ့ရက်များထဲ အတင်းအဓမ္မ(ရူးရူးမိုက်မိုက်) တိုးဝင်နေရာမယူခဲ့ပါ။  မည်သူသည် ပူပြင်ြးေ…

လူတစ်ဦးချင်း စီ၏ အကျိုးစီးပွား ပြည်သူပြည်သား တို့၏ အကျိုး စီးပွားနှင့် နိုင်ငံတော်၏ အကျိုးစီးပွား

Image
လူတိုင်း သို့မဟုတ် လူအသီးသီး တို့တွင် သီးခြားစီ တည်ရှိနေသော လိုအပ်မှုများ၊ ရယူလိုမှု များနှင့် သူ၏ အကျိုးစီးပွား အတွက် စိတ်လက် ကိုယ်ပါ ရယူ လိုမှုများ၊ ဦးတည် ရည်မှန်းချက်များ ရှိကြလေသည်။ ကျောင်းသား၊ ကျောင်းသူက စာမေးပွဲ အောင်လိုခြင်း၊ ကုန်သည်က အမြတ်အစွန်း ရလိုခြင်း၊ ပညာရှင်က ပညာတတ် လိုခြင်း၊ စစ်သူကြီးက စစ်အောင်နိုင် လိုခြင်း စသည်များမှာ လူတို့၏ နေ့စဉ်ဘ၀ ရပ်တည်ရေးနှင့် အသက်မွေး ၀မ်းကျောင်းမှု ပြုရခြင်း နယ်ပယ် အတွင်းမှ တရားသော ရယူလိုမှု သို့မဟုတ် အကျိုး စီးပွားများသာ ဖြစ်သည်။ လူမှန်လျှင် သူ၏ အသက် အရွယ်၌ တည်သော သိမှုအရ ရယူလိုမှု၊ သို့မဟုတ် သူ၏အကျိုး စီးပွား၌ တည်သော တစ်စုံ တစ်ရာကို စိတ်ဝင်တစား ရှိခြင်း၊ ရယူ လိုခြင်းများ ရှိကြသည်ချည်း ဖြစ်သည်။

ငွေကြေးအရ မချမ်းသာ သောကြောင့်လည်းကောင်း၊ ငွေကြေးအရ မချမ်းသာ ကြသဖြင့် နက်နက်နဲနဲ ဆင်ခြင်တွေးခေါ် တတ်ကြခြင်း မရှိ သဖြင့်လည်းကောင်း၊ ထိုသို့ တွေးခေါ် နေကြကာ စိတ်ဝင်စားမှု၊ ရယူလိုမှု၊ အကျိုးစီးပွား ဖြစ်ထွန်း လိုမှုများ ရှိနေကြခြင်း မဟုတ်ပါ။ ဤသို့ ရှိနေခြင်းကို မည်သည့် နည်းစနစ်၊ ဥပဒေ၊ ထိန်းကွပ်ကြပ်ညှပ် မှုတို့နှင့်မျှ ကန့်သတ်၍မရ။ ရုပ်ပိုင်းဆိုင်ရာ ကန…