Posts

Showing posts from March, 2014

ဘာသာစကားရဲ့ ကိစ္စ (မြင့်သန်း)

အမှာ          ဧပြီလထုတ် စတိုင်သစ်မဂ္ဂဇင်းပါ ဆူဒိုနင်၏ “ဘာသာစကားသည် ယာဉ်၊ သင်ယူခြင်းမူ အရွယ်မဟူ” ဟူသော အရေးအသားနှင့်ပတ်သတ်သော ဆွေးနွေးချက် တစ်ရပ်ဖြစ်ပါသည်။ ကျွန်တော်သည် ဘာသာစကားများနှင့် ပတ်သတ်၍ မည်သည့်ပညာရပ်ဆိုင်ရာအဆောက်အအုံမှ လက်မှတ်၊ လုပ်ပိုင်ခွင့် ရထားဖူးသူ မဟုတ်သဖြင့်၊ လမ်းပေါ်က လူတစ်ယောက်၊ (လူပြိန်းတစ်ဦး) အနေဖြင့် ဆွေးနွေးပါရစေ။          ရှေးဦးစွာ ကျွန်တော့်အနေဖြင့် ဆူဒိုနင်၏ အရေးအသားကို လက်ခံ၍ ငြင်းဆိုရခြင်းသာ ဖြစ်ပါသည်။ အဓိကဆွေးနွေးလိုသည်မှာ “သူမ” ဟူသော အသုံးအနှုန်းမှာ အတော်ထောင့်သည်ဟူသော ယတိပြတ်အဆိုကိုဖြစ်ပါသည်။ ထိုထောင့်ခြင်းကို ခြေတည်၍ နွယ်ငင်ဆက်စပ်လျက်ရှိသော ဆူဒိုနင်၏အမြင်အချို့ကိုလည်း ဆွေးနွေးပါရစေ။ ရှေးဦးစွာ “သူမ” ဟူသောအသုံးအနှုန်းအကြောင်း ဆွေးနွေးပါရစေ။
          ကျွန်တော့်အနေဖြင့် “သူမ”ဟူသော စာလုံး၊ စကားလုံးမှာ လိုအပ်စွာ ပေါ်ပေါက်လာရသော အသုံးအနှုန်းတစ်ရပ်ဟု မြင်ပါသည်။ အထူးသဖြင့် “အရေးအသား” အတွင်းလိုအပ်မှုတစ်ခုကို ဖြည့်စွက်လိုက်ရခြင်းဟု မြင်ပါသည်။ ကျွန်တော်၏ ကိုယ်တွေ့အဖြစ်အပျက်တစ်ခုကို နမူနာပြပါရစေ။ တစ်ခါက အင်္ဂလိပ်စာဖြင့် ရေးသားထားသော အကြောင်းတစ်ခုကို ကျွန်တော်က မြန်မာဘာသာသို့…

လွမ်းသလေ..မောင်ကြီး (မြင့်သန်း)

Image
ခုရက်ပိုင်းကလေးတွေမှာ မိုးကမရွာပေတဲ့ အုံ့တုံ့တုံ့နဲ့ရယ်။ ဒီတော့လည်း နေက
မပွင့်လှဘူး။ကိုယ်တို့ဆီမှာတော့ တောရိပ်တောင်ရိပ်နဲ့ဆိုတော့ မှောင်တောင်တောင်ပေါ့။ဒီတော့လည်း သိပ်နေလို့ထိုင်လို့ မကောင်းလှဘူး။နေထိုင်မကောင်းလှဘူးလို့ ဆိုပေသိ နှာစေးချောင်းဆိုး ဖြစ်တာမျိုး မဟုတ်ဘူး၊ စိတ်ထဲက မကြည်တာ။ တကယ်တော့ ကိုယ်တို့အရွယ်မျိုးမှာက နေထိုင်ကောင်းတယ်၊ မကောင်းဘူးဆိုတာက အတော်ပြောရခက်လှတဲ့အရွယ်။ နေထိုင်ကောင်းပါတယ် ဘာမှမဖြစ်ပါဘူး ဆိုရင်တောင် ကိုယ်ခန္ဓာထဲဆီက ဟိုနားက နာတာတာ၊ ဒီနားက ကိုက်တိုက်တိုက်မို့ ပါးစပ်က ကျွတ်ကျွတ် ကျွတ်ကျွတ်နဲ့ ကျွတ်ထိုးနေရတာသာ ကြည့်တော့။ ခေါ်ချင်ရင်တော့ ကိုယ်တို့အရွယ်ကို ကျွတ်ကျွတ်အရွယ်လို့ ခေါ်ရတော့မှာပဲ။ ခုတော့ ဒီကျွတ်ကျွတ်ကိစ္စက အကျင့်လိုတောင်ဖြစ်နေပြီ။ အိပ်ရာထဲ အိပ်နေရင်းက ဟိုဘက်ဒီဘက်လှည့်ရင်တောင် ကျွတ်ကျွတ်လို့ ပါးစပ်ကမြည်နေတတ်တယ်။ အသက်နဲ့ ဒီရုပ်ဒီခန္ဓာတို့ ပေါင်းသင်းနေကြတာကိုက နေ့စဉ်ဘဝကြီးထဲမှာ အပိုဆုရထားတဲ့ ဒုက္ခတစ်ခုများလားလို့တောင် တွေးမိတယ်။ ဒီတော့လည်း ရှေးစာတစ်ခုထဲက စာကြောင်းကလေး တစ်ကြောင်း နှစ်ကြောင်းကို သတိရမိပြန်တယ်။ “ရုပ်ခန္ဓာ အကောင်ပုတ်ကိုလ၊ စက်ဆုပ်လို့ ငြိမတွယ်၊ ပြတ်မယ်ပါ့ ခင်…

ပိုမိုညံ့ဖျင်းသော စိတ်ကူးထည်တို့ဖြင့် ဆက်လက်ရှင်သန်နေနိုင်ရန် အားထုတ်မှု (မြင့်သန်း)

A man will be imprisoned in a room with a door that’s unlocked and opens inwards; as long as it does not occur to him to pull rather than to push it.Ludwig Wittgenstein
တတိယနေ့၌ ကျွန်တော်တို့ ပြုံးတတ်လာကြပါသည်။ သို့ရာတွင် အခက်အခဲများနှင့် ရင်ဆိုင်ရဆဲဖြစ်ပါသည်။ စိတ်ထဲကမပါပေမယ့် စိတ်ထဲကပါသလို ပြုံးကြရမယ် ဟူသောအပိုင်းဖြစ်သည်။ သင်တန်းဆရာကမူ  အတော်ပင်စိတ်ပျက်နေပုံရသည်။ ဒီအပိုင်းမှာတင် တစ်နေကြပြီထင်တယ်။ ဆရာတို့ကြည့်လုပ်ကြပါဦးဟု ဆိုသည်။ ကျွန်တော်တို့သည် တည်ကြည်ခြင်း၏ ပရိဝုဏ်၌ နှစ်ကာလအတော်ကြာအောင် လှည့်ပတ်သွားလာနေထိုင်ခဲ့သည်ဖြစ်ရာ ပြုံုးခြင်းများမှာ လုံးလုံးချည်း ပပျောက်သွားခဲ့သည်မဟုတ်။ ရုပ်ကိုသိသော်လည်း နာမည်ဖမ်းမရသည့်သူနှင့် တူနေခြင်းသာ ဖြစ်ပါသည်။အရှေ့ဘက်နားဆီက လူတစ်ယောက်ကမူ အားလုံးပျော်စရာကောင်းတာတွေ ဖြစ်လာရင် ကျွန်တော်တို့ ဘယ်လိုအနေအထားမှာဖြစ်ဖြစ် ပြုံးတတ်လာကြမှာပါဗျာ ဟုဆိုသည်။
                                      +++++++++++
အပြည့်အစုံဖတ်ရန်…..Download PDF File (or) from mediafire
မြင့်သန်း ရွှေအမြူတေ (မတ်လ၊ ၂၀၁၄)